ဆုတ်ဖြဲခဲ့တဲ့သောကြာနေ့
အယူခံမှာ အလဲထိုးအရှုံးပေးခဲ့တယ်....................။
နှလုံးသားတစ်ခုကို အလုံပိတ်အကျဉ်းချ
ကောင်မလေးတစ်ယောက်ကိုပဲ
အသက်ထက်ဆုံးချစ်တော့မယ်လို့ ဆုံးဖြတ်
ကောင်းကင်တစ်မိုးအောက်မှာ တိုင်းပြည်တစ်ခု
ငါတည်ခဲ့တယ်....။
နောင်တမရှိ
အတ္တမရှိ
အဖြူသက်သက်
အချစ်တစ်ခု
ပျက်သုဉ်းသွားတာ
မြန်လွန်းလို့
ငါ့ကိုငါ ဘာဖြစ်ခဲ့မှန်းမသိလိုက်ချိန်
အိမ်မက်တွေ အပိုင်းပိုင်းပြုတ်ကျ
တဆစ်ဆစ်နာနေတဲ့ နှလုံးသားကို
ရင်ဘတ်ထဲငါ သယ်ပိုး
ခေါင်းငိုက်စိုက်နဲ့ပဲ
ကောင်မလေးမရှိနိုင်တော့တဲ့
ငါ့တိုင်းပြည် ငါပြန်ခဲ့တယ်........................။
မိုးတိမ်ကဗျာ
ကိုယ်တင်သော Post ကို တာဝန်ယူနိုင်သောကြောင့် အခြားနေရာများတွင်ဖော်ပြလိုပါက ရေးသားသူနေရာတွင် ကျွှန်တော့်နာမည်လေး ထည့်ပေးပါ။စီးပွားရေးဆန်သော ကိစ္စများမှအပ ကြိုက်တဲ့နေရာတွင် အသုံးပြုနိုင်ပါသည်။ ၀င်ရောက်ဖတ်ရူပေးကြကုန်သောမိတ်ဆွေများအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေ။ ချစ်သောသူနဲ့ အဆင်ပြေပါစေဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Sunday, April 11, 2010
လွမ်းတတ်ခဲ့ပြီ
တစ်ခါတစ်လေတော့လည်း
သတိရမိတယ်
ပြန်မရနိုင်တော့တဲ့
ငါတို့ရဲ့ ရွှေရောင်နေ့ရက်တွေ
အခုတော့လည်း ဝေး
ငါတစ်ယောက်ထဲ ဆွေး
ဆည်းဆာမသန်းတဲ့ ညနေခင်းတစ်ခုကို
အရောင်တွေပေါင်းထည့်
ဥသြအော်သံမကြားရပေမဲ့
ငါလွမ်းနေတတ်ခဲ့ပြီ.....။
မိုးတိမ်ကဗျာ
သတိရမိတယ်
ပြန်မရနိုင်တော့တဲ့
ငါတို့ရဲ့ ရွှေရောင်နေ့ရက်တွေ
အခုတော့လည်း ဝေး
ငါတစ်ယောက်ထဲ ဆွေး
ဆည်းဆာမသန်းတဲ့ ညနေခင်းတစ်ခုကို
အရောင်တွေပေါင်းထည့်
ဥသြအော်သံမကြားရပေမဲ့
ငါလွမ်းနေတတ်ခဲ့ပြီ.....။
မိုးတိမ်ကဗျာ
ကကြိုးပျောက် ရင်ခုန်သံ
လမ်းခွဲသွားတဲ့ချစ်သူကို
မရည်ရွယ်ပဲတွေ့ရှိပြိးနောက်
ရင်ခုန်သံ ရစ်သမ်ပြန်မှန်လာတယ်.............။
ခဏခဏလှည့်ကြည့်နေတဲ့
ချစ်သူရဲ့မျက်ဝန်းနက်နက်ထဲက
ခံစားချက် တစ်စိတ်တပိုင်းကို
ပြန်လည်တူးထုတ်ချင်ပေမယ့်
အဖြေမှန်ကို ရင်ဆိုင်ရမှာကို ကြောက်နေမိတယ်..............။
ဒီအတိုင်းလေးပဲ
ငါတို့ရဲ့ ဇာတ်လမ်းကို
အဆုံးသတ်လိုက်တော့မယ်
ရှေ့ဆက်တိုးမိလို့
နောက်တစ်ခါ ရင်ထပ်ကွဲခဲ့ရင်
ငါ ခံနိုင်ရည်မရှိမှာစိုးတယ် ချစ်သူ....................။
မိုးတိမ်ကဗျာ
မရည်ရွယ်ပဲတွေ့ရှိပြိးနောက်
ရင်ခုန်သံ ရစ်သမ်ပြန်မှန်လာတယ်.............။
ခဏခဏလှည့်ကြည့်နေတဲ့
ချစ်သူရဲ့မျက်ဝန်းနက်နက်ထဲက
ခံစားချက် တစ်စိတ်တပိုင်းကို
ပြန်လည်တူးထုတ်ချင်ပေမယ့်
အဖြေမှန်ကို ရင်ဆိုင်ရမှာကို ကြောက်နေမိတယ်..............။
ဒီအတိုင်းလေးပဲ
ငါတို့ရဲ့ ဇာတ်လမ်းကို
အဆုံးသတ်လိုက်တော့မယ်
ရှေ့ဆက်တိုးမိလို့
နောက်တစ်ခါ ရင်ထပ်ကွဲခဲ့ရင်
ငါ ခံနိုင်ရည်မရှိမှာစိုးတယ် ချစ်သူ....................။
မိုးတိမ်ကဗျာ
ငိုချင်းဖြင့် ချော့သိပ်ခဲ့သော နတ်သမီး
အလူးလူးအလိမ့်လိမ့်
ပြင်းထန်တဲ့ နတ်ဆိုးရဲ့
ရင်ခွဲဂါထာအောက်မှာ
ဖမ်းဆုတ်ထားတဲ့ မျှော်လင့်ချက်
နောက်ဆုံးအပိုင်းကို လက်လွတ်ပေးခဲ့တယ်။
အခုတော့
ငါပိုင်တာ ဗလာ
မက်ခဲ့သော အိမ်မက်တို့လည်း ဗလာ
နှစ်ဆင့်ကျော်လှည့်ခဲ့သော ကစားကွက်ထဲတွင်
“ည”တို့သည်လည်း ငိုချင်းဖြင့်
နံနက်ကို လင်းပွင့်စေခဲ့သည်............................။
မိုးတိမ်ကဗျာ
ပြင်းထန်တဲ့ နတ်ဆိုးရဲ့
ရင်ခွဲဂါထာအောက်မှာ
ဖမ်းဆုတ်ထားတဲ့ မျှော်လင့်ချက်
နောက်ဆုံးအပိုင်းကို လက်လွတ်ပေးခဲ့တယ်။
အခုတော့
ငါပိုင်တာ ဗလာ
မက်ခဲ့သော အိမ်မက်တို့လည်း ဗလာ
နှစ်ဆင့်ကျော်လှည့်ခဲ့သော ကစားကွက်ထဲတွင်
“ည”တို့သည်လည်း ငိုချင်းဖြင့်
နံနက်ကို လင်းပွင့်စေခဲ့သည်............................။
မိုးတိမ်ကဗျာ
သင်္ကြန်ရုပ်ကြွင်း
မှတ်မှတ်ရရ ရှိခဲ့သော နှစ်ဟောင်းက
ရေသွန်းပွဲတော်ကို ပြန်သွားချင်နေမိတယ်........။
အခြေအနေတွေပေးမယ်ဆို
နင့်အနားမှာနေပြီး ဒီနှစ်ပွဲတော်မှာ
အတူတူပျော်ချင်ပေမယ့်
နင်က တွဲလက်ကို
တစ်ဖက်သတ်ဖြုတ်ချခဲ့ပြီလေ....................။
အလွမ်းတရားက ငါ့ကိုဖိစီး
လွင့်ပျံ့လာနေတဲ့ တေးသင်္ကြန်တွေက
ငါ့ဒဏ်ရာကို လာလာနှိုးဆွ
မျက်ဝန်းအိမ်ထောင့်မှာ
ဖြတ်ခနဲ တွေ့မြင်ရလိုက်တဲ့
ပန်းပိတောက်ကိုမြင်မှ
ဟိုအရင် နင့်ကေသာမှာ
ငါသီကုံးပေးခဲ့ဖူးတဲ့အချိန်ကိုတမ်းတမိလို့
ယောင်ယမ်းကာ နင့်နာမည်ကိုအော်ခေါ်မိတယ်................။
ဥသြရေ...............
အလွမ်းတွေနဲ့ နှစ်သစ်ကိုမကြိုပါရစေနဲ့ကွယ်........................။
မိုးတိမ်ကဗျာ
ရေသွန်းပွဲတော်ကို ပြန်သွားချင်နေမိတယ်........။
အခြေအနေတွေပေးမယ်ဆို
နင့်အနားမှာနေပြီး ဒီနှစ်ပွဲတော်မှာ
အတူတူပျော်ချင်ပေမယ့်
နင်က တွဲလက်ကို
တစ်ဖက်သတ်ဖြုတ်ချခဲ့ပြီလေ....................။
အလွမ်းတရားက ငါ့ကိုဖိစီး
လွင့်ပျံ့လာနေတဲ့ တေးသင်္ကြန်တွေက
ငါ့ဒဏ်ရာကို လာလာနှိုးဆွ
မျက်ဝန်းအိမ်ထောင့်မှာ
ဖြတ်ခနဲ တွေ့မြင်ရလိုက်တဲ့
ပန်းပိတောက်ကိုမြင်မှ
ဟိုအရင် နင့်ကေသာမှာ
ငါသီကုံးပေးခဲ့ဖူးတဲ့အချိန်ကိုတမ်းတမိလို့
ယောင်ယမ်းကာ နင့်နာမည်ကိုအော်ခေါ်မိတယ်................။
ဥသြရေ...............
အလွမ်းတွေနဲ့ နှစ်သစ်ကိုမကြိုပါရစေနဲ့ကွယ်........................။
မိုးတိမ်ကဗျာ
Friday, February 19, 2010
နာကျင်စေတဲ့ ဝေဒနာ
အမှတ်မထင် တွေ့ခဲ့ကြ
နှစ်ယောက်လုံးပျော်ရွင်ကြတဲ့
ရေစိုနေ့တစ်နေ့
ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာတွေမှာ
ရွှေရောင်အိမ်မက်တွေ သုတ်လိမ်းခဲ့သူ
ပြင်ဆင်ချိန်မပေးပဲ
ရုတ်တရက်လမ်းခွဲသွားပြီ
ထွက်သွားပြီးမှတော့
နောက်ထပ်တစ်ခါ ငါ့ရင်ထဲပြန်မ၀င်လာပါနဲ့တော့
နင်ထားခဲ့တဲ့ အမှတ်တရတွေကို
မေ့ပစ်ရတာ ရင်နာလွန်းတယ်.........................။
မိုးတိမ်ကဗျာ
နှစ်ယောက်လုံးပျော်ရွင်ကြတဲ့
ရေစိုနေ့တစ်နေ့
ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာတွေမှာ
ရွှေရောင်အိမ်မက်တွေ သုတ်လိမ်းခဲ့သူ
ပြင်ဆင်ချိန်မပေးပဲ
ရုတ်တရက်လမ်းခွဲသွားပြီ
ထွက်သွားပြီးမှတော့
နောက်ထပ်တစ်ခါ ငါ့ရင်ထဲပြန်မ၀င်လာပါနဲ့တော့
နင်ထားခဲ့တဲ့ အမှတ်တရတွေကို
မေ့ပစ်ရတာ ရင်နာလွန်းတယ်.........................။
မိုးတိမ်ကဗျာ
ပစ်မှတ်ကိုယ်စား
အားပေးလှိုက်မောသံတွေ
ဟေးခနဲ......ဟေးခနဲ
ကွင်းလုံးပြည့်လျှံ
စာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့မိန်းမပျို
လေးညှို့ပေါ်ကအပြုံးတွေ ပစ်လွတ်နေလိုက်တာ
တစ်စင်းပြီးတစ်စင်း
ဗဟိုချက်ထိတိုင်း
နောက်တော်ပါးက လက်ခုပ်တီးပျော်နေတာ
ဘယ်သူလဲ မေးကြည့်မှ
မိန်းမပျိုရဲ့ချစ်သူ
ဒါဆို ကစားပွဲနာမည်ကဘာလဲ
ခေါင်းပူအောင် စဉ်းစား
စဉ်းစား........စဉ်းစား
လက်ဖျစ်တစ်ချက်တီး ဒါ..“အချစ်စမ်းပွဲ”ပဲ
ပြိုင်ပွဲကနေ နောက်လှည့်ထွက်
ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေလို့
ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်
အဖြေမှန်သိလိုက်ရတာက
ချစ်သူနှစ်ယောက်ရဲ့ အချစ်စမ်းပွဲမှာ
ကြားဝင်လက်တည့်စမ်းခံလိုက်ရတာက
ငါ့ နှလုံးသား...............................။
မိုးတိမ်ကဗျာ
ဟေးခနဲ......ဟေးခနဲ
ကွင်းလုံးပြည့်လျှံ
စာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့မိန်းမပျို
လေးညှို့ပေါ်ကအပြုံးတွေ ပစ်လွတ်နေလိုက်တာ
တစ်စင်းပြီးတစ်စင်း
ဗဟိုချက်ထိတိုင်း
နောက်တော်ပါးက လက်ခုပ်တီးပျော်နေတာ
ဘယ်သူလဲ မေးကြည့်မှ
မိန်းမပျိုရဲ့ချစ်သူ
ဒါဆို ကစားပွဲနာမည်ကဘာလဲ
ခေါင်းပူအောင် စဉ်းစား
စဉ်းစား........စဉ်းစား
လက်ဖျစ်တစ်ချက်တီး ဒါ..“အချစ်စမ်းပွဲ”ပဲ
ပြိုင်ပွဲကနေ နောက်လှည့်ထွက်
ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေလို့
ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်
အဖြေမှန်သိလိုက်ရတာက
ချစ်သူနှစ်ယောက်ရဲ့ အချစ်စမ်းပွဲမှာ
ကြားဝင်လက်တည့်စမ်းခံလိုက်ရတာက
ငါ့ နှလုံးသား...............................။
မိုးတိမ်ကဗျာ
Subscribe to:
Posts (Atom)

